07 April 2016

“ပွဲစားနဲ့အစိုးရပေါင်းစားခဲ့ကြတဲ့MOUစားခွက်ကို အတာရေနဲ့ဆေးကြောပစ်ပါ”



        
          
       
         ပွဲစားများအဖွဲ့ချုပ် MOEAF နဲ့ပြည်တွင်းပြည်ပအလုပ်သမားဆိုင်ရာကော်မတီ (အမျိုးသား လွှတ်တော်)  ညှိနှိုင်းအစည်းဝေး ဓါတ်ပုံနဲ့သတင်းတွေဖတ်ရတယ်။ အစိုးရအသစ်စက်စက်ကို ပွဲစားတံဆိပ်သွားကပ်တာလားလို့စိုးရိမ်မိတယ်။ ၂၀၀၉ ကစပြီးထိုင်းနဲ့မြန်မာ လူကုန်ကူးတဲ့ ဂိုဏ်းသားတွေ MOU နဲ့ တရားဝင် လူမှောင်ခိုကုန်ကူးလိုက်ကြတာ၊ အလုပ်သမားဝန်ကြီးအစ ညွန်ကြားရေးမှူးနဲ့ အလုပ်သမားသံအရာရှိတွအားလုံး ချမ်းသာသွားခဲ့ကြတယ်။ ဒါပေမယ့် အလုပ်သမားအများစု ဒုက္ခရောက်ခဲ့ကြရတယ်။

          မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ် ငန်းရှင်များအဖွဲ့ချုပ်ရဲ့ တတိယ အကြိမ်ြေ မာက်နှစ်ပတ် လည်သင်းလုံးကျွတ်အထွေထွေအစည်းအဝေးသို့ တင်သွင်းတဲ့ အလုပ်အမှုေ ဆာင် ကော်မတီအစီရင်ခံစာ (၂၀၁၅ ခု အောက်တိုဘာလထုတ် စာ၄၄မျက်နှာ) ကိုလည်း ဖတ် ရှုခွင့်ရရှိခဲ့တယ်။

  
           ဒီအစီရင်ခံစာရဲ့ အပိုဒ် ၈၃ မှာ ဂျပန်နိုင်ငံ   Daika Sewing သို့ Myanmar Express Link Co,Ltd နဲ့ Htay Service Co,Ltd တို့က Smart Card မဖြတ်ပဲ စည်းကမ်းေ ဖါက်ဖျက်ခဲ့တဲ့ လုပ်ရပ်တွေကိုဖုံးကွယ် ထားမှု။ အပိုဒ် ၈၄ မှာ ဂျပန်နိုင်ငံ Willtec Elecronic Co, Ltd သို့ Myanmar Worker Management Co,Ltd က ပို့တဲ့ အလုပ်သမားသေဆုံးမှု။ ကိစ္စရပ်တွေကို MOEAF ဟာအစိုးရနဲ့ မြန်မာနိုင်ငံတော် တစ်ခုလုံးကို လိမ်လည်မှုကြီးတွေဖြစ်ပါတယ်။

            မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်အတော်များများတို့ဟာ အယင် အစိုးရဟောင်းထဲက လူကြီးတွေနဲ့နီးစပ်သူတွေ အတော်များပါတယ်။ လုပ်ကိုင်ခွင့်နဲ့ ကိုယ်ကျိုး ရှာ အကျိုးစီးပွားကိစ္စဖြစ်ပါတယ်။ အေဂျင်စီတွေနဲ့ လူပွဲစားတွေဟာ ထိုင်းနိုင်ငံသို့ အလုပ်သမား ၂သိန်းကျော်၊ မလေးရှားနိုင်ငံသို့ ၁သိန်းကျော်နဲ့ ဂျပန်နဲ့ အခြားနိုင်ငံသို့  သောင်းချီတဲ့မြန်မာ အလုပ်သမားတွေကို ပို့ဆောင်ခဲ့ကြပြီဖြစ်တာကြာင့် အခုအခါမှာ ချမ်းသာကြွယ်ဝ ငွေထုတ် ပိုက်မိခဲ့ကြပြီဖြစ်ကြပါတယ်။

         ကာတာ၊ ဒူဘိုင်းသို့ ပို့ဆောင်တဲ့အလုပ်သမားတွေ လေဆိပ်မှာဖမ်းဆီးမိတာ၊ စင်ကာ ပူနိုင်ငံသို့ အိမ်ဖ်ါအမျိုးသမီးများနေ့စဉ်ပို့ဆောင်နေတာတွေနဲ့ မလေးရှားလေဆိပ်မှာ ဗီဇာ အတုဖြစ်လို့ဆိုပြီး အလုပ်သမားတွ ဖမ်းဆီးထောင်ချခံရတာတွေဟာ မြန်မာပြည်ပအလုပ် အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (ပွဲစားများအဖွဲ့ချုပ်) MOEAF ရဲ့ တရားဝင်လူကုန် ကူးခြင်းများဖြစ်ပါတယ်။ လေဆိပ်မှာ လူကုန်တားရဲတပ်ဖွဲ့တာ ၀န်ချထားတာဟာ လူကုန်ကူးမှု ကိုဖေါ်ထုတ်အရေးယူဖို့မဟုတ်ပဲ ခွဲတမ်းသွားကောက်နေတာဖြစ်ပါတယ်။
                       























                           "MOEAF  ပွဲစားဂိုဏ်းခေါင်းဆောင်တွေဘာတွေလုပ်ကြသလဲ”

            MOEAFဥက္ကဌမင်းလိုင်အတွင်းရေးမှူးကျော်ထင်ကျော်နဲ့ပီတာညွန့်မောင်တို့ဟာ MOEAF အမည်ခံကြ     ပမယ့် ဘာသွားလုပ်တယ်ဆိုတာအသင်ဝင်တွေမသိရပါအလုပ်သမားဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်၊ အလုပ်သမားဝန်ကြီး ဦးအေးမြင့်ရဲ့ ကိုယ်ရေးအရာရှိ မောင်မောင်ကျော် ဦးသိန်းဝင်း နဲ့ ဦးမင်းလိုင် ရဲ့ သား၊ ပြီးတော့ ၀န်ကြီးအေးမြင့် ရဲ့သားတို့ ၂၀၁၅ မေလက ဂျပန်ကိုသွားခဲ့ကြပါတယ်။

  သူတို့သွားတာဝန်ကြီးဌာနလိုလို၊ အသင်းအဖွဲ့အနေနဲ့သွားသလိုလိုနဲ့ နောက်ဆုံးတော့ ဦးမင်းလှိုင် ကုမ္ပဏီနဲ့ MoU ထိုးပါတယ် အရေးယူရမယ့် အလုပ်သမားဝန်ကြီးဌာနက လူကုန်ကူးသူတွေနဲ့ ပေါင်းစားခဲ့ကြတာဖြစ်ပါတယ်။သူတို့ ဒီလုပ်ကွက်ကိုကြိတ်လုပ်နေတာတော်တော်ကြာခဲ့ပါပြီ။ ဦးမင်းလိုင် က ဦးကျော်ထင်ကျော် အတွက် လေယာဉ်ခခံပြီး စည်းရုံးတာ။ သွားတဲ့ ၃ကြိမ်လုံးစရိတ်ခံတာ နောက်ငွေစာရင်းတွေမှာ ဦးကျော်ထင်ကျော် ထံမှ ရငွေဆိုပြီးUS$ တွေ ကျပ်ပြန်ဖွဲ့ပြီးစာရင်းဆွဲထားတာ။ ဘယ်နိုင်ငံ ဘယ်သူကပေးမှန်းမသိ၊ ဘယ်လာက်ရခဲ့မှန်းမသိ အသင်းငွေတွေထဲ က လစဉ် လက်ကျန်ငွေ သိန်း ၉၀ ထားပြီးငွေလှည့်သုံးကြတယ်။

         ထူးထူးခြားခြား တစ်ခုကတော့ Five Four Two Co,Ltd အေဂျင်စီ ဒါရိုက်တာ ကိုအောင် လှိုင်ထူး ဆိုသူက ပွဲစားများအဖွဲ့ချုပ် MOEAF ရဲ့ ဒုတိယဥက္ကဌ(၂) ဆိုသူဟာသူ့အေဂျင်စီလိုင်စင် ရရှိရေးအတွက် လုပ်ကိုင်ခဲ့ရတဲ့ အတွေ့အကြုံကို အသံဖိုင်အမြောက်အမြားကို စာရေးသူထံသို့ ပေးပို့ခဲ့ပါတယ်။

         ၆.၈.၂၀၁၅ နေ့က ကိုအောင်လှိုင်ထူး ဟာ  အမျိုးသမီး သက်သေ ၂ဦးနဲ့အတူ အေဂျင်စီ လိုင်စင်ရရှိ ရေးအတွက် MOEAF ဒုတိယ ဥက္ကဌ (၂) ဖြစ်သူ  တိုးတက်ချမ်းသာအေဂျင်စီ ဒါရိုက် တာ ဦးလှမျိုး ကို ကျပ်ငွတစ်သိန်းနှစ်သောင်း တန်ဖိုးရှိတဲ့ ၀ီစကီအရက်ပုလင်းပါတဲ့ လက်ေ ဆာင်ခြင်းတစ်ခြင်းနဲ့ ကျပ်ငွေ ၅သိန်းကိုပးခဲ့ရတယ်။ လိုင်စင်ရရှိရေးအတွက် အချက်အလက်   တွေကို သူနဲ့အတူ ရန်ကင်းသင်တန်းကျောင်း အုပ်ကြီး ဒေါ်ခင်မာအေး တို့က စစ်ဆေးရပါ တယ်။

         ရန်ကုန်မြို့ ၃၇ လမ်းမှာရှိတဲ့ တိုးတက်ချမ်းသာအေဂျင်စီ ရုံးခန်းသို့ ဦးလှမျိုး က ကိုအောင် လှိုင်ထူး ကိုခေါ်ပြီး လိုင်စင်အမြန်ရယူချင်ပါက ကျပ်သိန်း  ၁၀၀ အား ၄င်းကိုပေးရမယ်လို့ပြော ဆိုကြောင်း ကိုအောင်လှိုင်ထူး ကပြောပါတယ်။   

  
        ကိုအောင်လှိုင်ထူး က အလုပ်သမားဝန်ကြီး ဦးအေးမြင့် ရဲ့သားနဲ့ ပွဲစားများအဖွဲ့ချုပ် MOEAF ရဲ့သားတို့က ဂျပန်ကိုသွားမယ့် အလုပ်သမားတွေကို လိုအပ်တဲ့သင်တန်းတွေပေးဖို့ သင်တန်းကျောင်းဖွင့်ဖို့ပြင်ဆင်ခဲ့ကြတယ်။ ဂျပန်ပို့မယ့် အလုပ်သမားခေါ်စာတွေ သူတို့ဆီက   ဖြတ်ရအောင်ဆိုတဲ့ လက်ဝါးကြီးအုပ်ဖို့ ပြင်ဆင်တာဖြစ်ပါတယ်။ ဒီဂွင်အတွက် အတွင်းရေးမှူး ဦးကျော်ထင်ကျော် နဲ့ ဂျပန်ကပွဲစားတွေနဲ့သွားရောက် ညှိနှိုင်းခဲ့ကြတာဖြစ်ပါတယ်။

         ကိုအောင်လှိုင်ထူး ဟာ လက်ရှိ ဂျပန်စကားပြန် အလုပ်ကို လုပ်ကိုင်နေသူဖြစ်ပါတယ်။ ပွဲစားများအဖွဲ့ ချုပ် MOEAF ရဲ့ တွဲဖက်အတွင်းရေးမှူ(၁) ဦးဝင်းထွန်း ဆိုသူဟာ  ရဲပြုတ်လို့သိရ တယ်။ ၅.၃၁.၂၀၁၆ နေ့က  ရန်ကုန်လေယာဉ်ကွင်းမှာ (နိုင်ငံကူးလက်မှတ်) ပတ်စပို့စာအုပ်၅ အုပ်နဲ့ပွဲစားတစ်ဦးကို ဖမ်းမိပါတယ်။ ရဲသတင်းတပ်ဖွဲ့ SBကစစ်ဆေးတဲ့အခါ ဦးဝင်းထွန်း ပိုင် ဆိုင်တဲ့ Myanmar Worker Management Co,Ltd က၀န်ထမ်းဖြစ်ကြောင်း၊ ဒီ့မတိုင်မီ ပတ်စ ပို့စာအုပ်ပေါင်း ၅၀၀ ကျော်ထက်မနည်း ထိုင်းနိုင်ငံကိုထုတ်ခဲ့ပြီလို့လည်းထွက်ဆိုခဲ့ပါတယ်။

         ရန်ကုန်မြို့ပြည်ထဲရေးရုံးချုပ်ဟောင်းတည်ရှိရာမှာ နိုင်ငံကူးလက်မှတ်ထုတ်ပေးပါတယ်။ ပတ်စပို့ ထုတ်ပေးတဲ့ နေရာမှာ ရဲသတင်းတပ်ဖွဲ့ SB ဆိုတာလည်းပါဝင်နေပြန်တယ်။ ဥပဒေ အတိုင်းမဟုတ်ပဲ ပတ်စပို့စာအုပ်တွေကို SB အချို့က ပွဲစားတွေနဲ့ ထုတ်ပေးနေတာကို သိရှိ ကြပေမယ့် အစိုးရဟာ စုံစမ်းဖ်ါထုတ်ခြင်းမရှိသေးပါဘူး။

                                          “ပြန်လည်သုံးသပ်ပါ”
          အလုပ်အကိုင်အခွင့်အလမ်းမရှိဖြစ်နေတဲ့ မြန်မာနိုင်ငံက အရွယ်ရောက်ပြီး အလုပ်လု ပ်နိုင်ကြတဲ့ အရွယ်ကောင်း ငါးသန်းလောက် ပြည်ပမှာ အလုပ်လုပ်ကိုင်နေကြရပြီးဖြစ်ပါတယ် ။ နေ့စဉ်လည်း ရာချီပြီးထွက်ခွာနေကြပါတယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်နေတဲ့ ထိုင်းအပါအ၀င်  အာဆီယံနိုင်ငံတွေဟာ အောက်ခြေအလုပ်သမားတွေ လိုအပ်ချက်များနေပါတယ်။ ဒီအခြေ အနေကိုသိထားတဲ့ လူကုန်ကူးဂိုဏ်းတွေဟာ လာဘ်စားတဲ့အစိုးရ၀န်ထမ်းတွေနဲ့ပေါင်းပြီး စီးပွားရှာကြပါတယ်။ MOEAF ပွဲစားအဖွဲ့ချုပ်ကို ခေါင်းဆောင်နကြတဲ့ ဥက္ကဌ၊ အတွင်းရေးမှူး ဗဟိုကော်မတီတွေက ပွဲစားများပီပီ ငွေရရှိရေးအတွက် လုပ်ချင်တိုင်းလုပ်နကြတာကို အစိုးရ သစ်အနေနဲ့ ခွင့်မပြုသင့်တော့ပါဘူး။

            ၂၀၀၉ ခုနှစ်ကတည်းက ထိုင်းနိုင်ငံအတွင်းကို ပို့ဆောင်ခဲ့တဲ့ သိန်းချီတဲ့MOU အလုပ် သမားတွေ ပို့ခဲ့ကြတဲ့မြန်မာအေဂျင်စီနဲ့ လက်ခံတဲ့ထိုင်းအေဂျင်စီရဲ့ တာဝန်ခံမှု၊ တာဝန်ယူမှုမရှိ တာတွေ၊ ထိုင်းကို ရောက်လာတဲ့ အလုပ်သမားသံအရာရှိဆိုသူတွေနဲ့ လူကုန်ကူးသူတွေရဲ့ အလုပ်သမားခေါ်စာ (demand latter) အကျိုးစီးပွားရှာမှုတွေကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရသစ်ဟာ ပြန်လည် စိစစ်သင့်ပါတယ်။ 
       
        MOU အလုပ်သမားပြဿနာာတွေကို ထိုင်းနဲ့မြန်မာအစိုးရတို့မသိချင်ယောင်ဆောင်ခဲ့ကြ လွန်းလို့ အေဂျင်စီပွဲစားတွေဟာ အလုပ်သမားအရေးကူညီကြသူတွေကို ရန်ရှာ၊ တရားစွဲတဲ့ အထိ အတင့်ရဲနေကြပါတယ်။ ထူးခြားတာက ပွဲစားတွေဘက်က မြန်မာအလုပ်သမားဝန်ကြီး ဌာနရပ်တည်ပေးနေတာပါပဲ။

        အကျင့်ပျက်လို့  ၆လ၊ တစ်နှစ် လိုင်စင်အပိတ်ခံရတဲ့နောက်ဆုံးအေဂျင်စီတွေ အမည်စါ ရင်းကို MOEAF နဲ့အလုပ်သမားဝန်ကြီးဌာန ၀က်ဘ်ဆိုဒ်တွေမှာ အများသူငါသိအောင် မတင် ကြတာဟာ ဘာကြာင့်လဲဆိုတာ နားမလည်နိုင်ပါဘူး။
                              “လုံခြုံတဲ့ရွှေ့ပြောင်းအလုပ်သမားတွေဖြစ်ဖို့”
         အလုပ်မရှိတဲ့ မြန်မာတွေကို အလုပ်ရှာပေးတဲ့ MOU အလုပ်သမားတင်ပို့တဲ့အလုပ်ဟာ ရိုးသားစွာ လုပ်ကိုင်ကြရင် ကုသိုလ်လည်းရ ၀မ်းလည်းဝတဲ့ အလုပ်ကောင်းတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့်လုပ်ကိုင်ခွင့်နဲ့ကိုယ်ကျိုးရှာခဲ့ကြတဲ့ မြန်မာဝန်ထမ်းလောကနဲ့လူပွဲစားလူကုန်ကူးဂိုဏ်းတွေရဲ့မတရားလုပ်ရပ်တွေကြောင့် နိုင်ငံတော်အစိုးရလည်း သိက္ခာကျ မြန်မာအလုပ်သမားတွလည်း နစ်နာဆုံးရှုံးမှုများခဲ့ကြရပါတယ်။

          ပြည်ပကိုထွက်ခွာကြမယ့်အလုပ်သမားတွေအနေနဲ့ ငွေစိုက်ထုတ်စရာမလိုပဲ၊ အလုပ်သ မားဝန်ကြီးဌာနလည်း ခေါင်းကိုက်စရာမလိုပဲ၊ နိုင်ငံရပ်ခြားတိုင်းတပါးမှာ လုံလုံခြုံခြုံ ဂုဏ်သိက္ခာ ရှိရှိ အလုပ်လုပ်ကြရမယ့် ကောင်းမွန်တဲ့အစီအစဉ်တွေကိုချမှတ် ကျင့်သုံးနိုင်ရေးအတွက် အစိုးရ သစ်အနေနဲ့ ပြည်တွင်းပည်ပကအလုပ်သမားအရေးကျွမ်းကျင်သူတွေရော၊ ပြည်ပမှာအလုပ်လုပ် ကြတဲ့အလုပ်သမားတွေနဲ့ပါအချိန်လုံလုံလာက်လောက်ပေးပြီးဆွေးနွေးအဖြေရှာသင့်ကြာင်း အကြံပြုတင်ပြလိုက်ရပါတယ်။
                                        မောင်ပေါ်ထွန်း